
အိပ်မက်နတ်သိုင်းကျမ်း နှင့် လှကလျာ – အပိုင်း(၂) ဇာတ်သိမ်း
ဦးသက္ကသည် မိန်းကလေးကိုကြည့်၍ စိတ်မကောင်းကြီးစွာ ဖြစ်သွားသည်။ ဘယ်နည်းနှင့်မဆို ထိုမိန်းကလေး၏ အသက်ကိုတော့ ကယ်ဆယ်ထားမှ ဖြစ်တော့မည်ဟုလည်း စိတ်ထဲမှ ဆုံးဖြတ်ချက်ချထားလိုက်တော့သည်။ ”သမီးနာမည် ဘယ်လိုခေါ်လဲ” ”ကလျာ ပါဘဘ” ”ဘယ်မှာနေလဲ” ကလျာသည် ဦးသက္ကကို အတန်ကြာ ငေးကြည့်နေပြီးမှ ”ကျွန်မ ရှမ်းပြည်နယ်ကပါ” ဦးသက္က၏ မျက်ခုံးနှစ်ခုက အပေါ်သို့ […]