အမ်ဒီနဲ့ အင်တာဗျုးဖြေဖို့ ချိန်းလိုက်တယ်။အလုပ် ရ မရက မသေချာပေမဲ့ ဖြေဖို့က ကျွန်မတာဝန်ပဲလေ။ အိမ်ကိုပြန်လာပြီး အင်တာဗျူးအတွက်ပြင်ဆင်ရတယ်။ တခါမှ အင်တာဗျူး မဖြေဘူးတော့ ကမ်ပဏီတခုမှာ အလုပ်ဝင်နေတဲ့ သူငယ်ချင်းဆီက အကူအညီယူရတယ်
ဆယ်တန်းအောင်ပြီးတော့ ကျွန်မ ဘာလုပ်ရမယ် ရေရေရာရာမသိ။ အမှတ်ကလဲ မကောင်းတော့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တက်ဖို့ မမီ။ အိမ်ကလဲ စီးပွားရေးအဆင်ပြေလှသည်ချည်းမဟုတ်တော့ အဝေးသင်တက်ပြီး အလုပ်လျှောက်ဖို့ ဆုံးဖြတ်လိုက်ရတယ်။ ဘွဲ့များများရတဲ့သူတွေတောင် အလုပ်ရဖို့ခက်နေတဲ့ ခေတ်ကြီးထဲ ကျွန်မလို ဆယ်တန်းအောင်ခါစသူအတွက် အပုံကြီးခက်တာအမှန်ပါပဲ။ ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ ကျွန်မ ကွန်ပြူတာသင်တန်းတက်တယ်။ အလုပ်ရဖို့ ကြိုးစားတယ်။ […]