
ပြီးတော့ မစုကလည်း အခုတလော သူ့ကို သဘောကောင်းနေသည်။ ပြီးတော့ ဟိုတစ်ခါလာတည်းတဲ့ နင့်မောင်လေးကို အမကို မိတ်ဆက်ပေးပါ ဟုပြောပြီး လက်ဆောင်များ ခဏခဏဝယ်ပေးသဖြင့် ဒီတစ်ခါလာလျှင် မိတ်ဆက်ပေးမည်ဟု အာမခံထားရသည်။ ဘာကြောင့်မှန်းတော့မသိ တစ်ခုခုတော့ တစ်ခုခုပဲလေ…
ဖဲပွင့်များကိုကြည့်ရင်း ဖြိုးငယ်ငယ်စိတ်ပျက်သွားသည်။ စိုးရိမ်စိတ်တွေကလည်း ဖြစ်ပေါ်လာသည်။ ဒါနဲ့ဆိုသူမဒီနေ့ (၂)သိန်းလောက်ရှုံးနေပြီ။ သူမတွင်ပါလာသောဆွဲကြိုးကလည်း ပေါင်ထားပြီးပြီ အိမ်ရှင် မစုစုဆီမှာ။ ဘယ်လိုလုပ်ရမလဲမသိ။ သူမကိုယ်က ဖဲကိုဝါသနာပါနေတာခက်သည်။ ယောင်္ကျားဖြစ်သူက ကုမ္ပဏီတစ်ခုမှာဝန်ထမ်း။ ဖဲရိုက်တာကို လုံးဝမကြိုက်။ သို့သော်ဖြိုးငယ်ငယ်ကား ဝါသနာကိုမလျျှော့နိုင်။ ယောင်္ကျားဖြစ်သူ ရုံးသွားတာနဲ့ ရပ်ကွက်ထဲက မစုစုတို့အိမ်မှာ ဖဲသွားသွားရိုက်သည်။ ယခုလည်း […]