ထွက်ပြီဟေ့” “ကုန်ပါပြီကွာ” “ဘယ်ဂဏန်းလဲ ကိုအောင်လေး” “၃၇၆တဲ့” “ဟဲ့နင်တို့ဂဏန်းကဟုတ်မှဟုတ်ရဲ့လားဟယ်” “အာ..မမချိုကလည်းမဟုတ်ဘဲပြောမလား” “ထွက်တဲ့ဂဏန်းလဲကြည့်အုံးလေ” “ဟုတ်ပါတယ်ဗျ။ဒီဂဏန်းမထွက်လောက်ဘူး ထင်နေတာလေ၊အခုထွက်သွားပြီ၊ဒါနှင့်မမချို ရောပါသွားပြီလား” “ဒီဂဏန်းသာဆိုပါပြီပေါ့ဟယ်” ဒေါ်ချိုချိုအောင် စိတ်ညစ်သွားတယ်။ဒီချဲနှင့် တော်တော်လေးကုန်နေပြီ။ယောက်ကျားမသိအောင်တမျိုးသိအောင်တမျိုးထိုးနေတာ၊ညဘက်မနက်ဘက်ဘုရားရှိခိုးဆုတောင်းရတာ အမောနှင့်သူများတွေလိုအိမ်မက်ဂဏန်းလေး များရမလားဆိုပြီးဘုရားနေ့တိုင်းရှိခိုးနေတာ။ ကံဇာတာအလှည့်မပေးလို့လားမသိ၊ပေါက်လဲအရံကွက်ပဲပေါက်ဖူးတယ်။အလုပ်လည်း မယ်မယ်ရရမရှိတော့ဒီချဲကိုပဲစိတ်ကရောက် နေတာ။ဒေါ်ချိုချိုအောင်ကအသက်လေးဆယ်လောက်ရှိပြီ။လုံးကြီးပေါက်လှလေ။ရင်ထွားထွား။အချောအလှကြီးမဟုတ်ပေအယ့်အလှအပကထင်ပေါ်တယ်။အိမ်ကယောက်ကျားနှင့်ညားလာတာလည်း၂၂နှစ်လောက်ရှိပြီ။မိဘတွေကသဘောတူလို့ပေးစားကြတာ။ ယူတဲ့ယောက်ျားကရိုးသားတယ်ဆိုပြီးမိဘတွေသဘောတူလို့ညားခဲ့ကြတာ။ယောက်ကျားကအသက်ခုနှစ်နှစ်လောက်ကြီးတယ်။သမီးလေးကလည်းအိမ်ထောင်ကျသွားလို့ယောင်နောက်ဆံထုံးပါဆိုပြီးသူ့ယောက်ျားဘက်မှာလိုက်နေတယ်လေ။ယောက်ကျားကလည်းအသက်ကြီးလာလို့လားမသိဘူး။အချစ်တွေပေါ့တာကြာပေါ့။အလုပ်မလုပ်ရင်မဖြစ်ဘူးဆိုပြီးကုမ္ပဏီတစ်ခုမှာညစောင့်သွားလုပ်နေတာ။တစ်လတစ်ခေါက်လောက်ပဲပြန်လာတယ်။ဒီတော့အိမ်မှာပျင်းနေတာနှင့်ချဲထိုးတာကနေချဲကိုဘိန်းစွဲသလိုဖြစ်နေတာပဲလေ။အခုလည်းယောက်ကျားမသိအောင်ထိုးတာနှင့်ကုန်ထားတဲ့ငွေကဆယ်သိန်းနီးပါးကပ်နေပြီ။ဘယ်လိုလုပ်ရမလဲကြံ စည်နေရတယ်။တနေ့တော့မနက်လက်ဘက်ရည်ထွက်သောက်နေတုန်းလက်ဖက်ရည်ဆိုင်မှာချဲအကြောင်းပြောသံကြားတယ်။ဒါကြောင့်အသာလေးနားစွင့်နေလိုက်တယ် “ဘယ်လောက်ရလိုက်လဲကိုမြသာ” “ငါးထောင်ကွက်ရတာဗျ” “ခများလည်းခဏခဏပေါက်တယ်နှော်” […]