အသက် (၁၈) နှစ်အရွယ် ချောမောလှပ ၊ တောင့်တင်းဖြူဝင်းသော မိန်းကလေး တစ်ယောက် ဗင်ကားအဖြူလေး၏ ကားတံခါးကို ဆွဲဖွင့်၍ ကူရှင်ပေါ် တင်ပါးလွှဲ ထိုင်ချလိုက်ပြီး ခြေထောက်လေးနှစ်ချောင်းကို ဆွဲ၍ တင်လိုက်သည်..။ ပေါင်လည်လောက်နီးနီးသို့ပင် တိုကပ်နေသော စကပ်တိုလေးအနားက ဝဲခနဲ လန်တက်သွားသည်..။
“ ကောင်မလေး……အတော်လှလာတာပဲ…….”
ဒရိုင်ဘာခုံတွင် ထိုင်နေသော ကိုကျော်စိန်က နွယ်နီလှိုင်ကို ကြည့်ရင်း စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်..။ သူမ ကားတံခါးကို ဂျိုင်းခနဲ ဆွဲပိတ်လိုက်တော့မှ ကိုကျော်စိန်၏ အကြည့်က သူမထံမှ လွှဲ၍ ရှေ့တူရူသို့ လှည့်လိုက်သည်…။
“ မောင်းတော့…..ဦးလေး………”
“ ဘယ်ကို ဝင်ဦးမလဲ…. နွယ်နီ …”
“ အင်း…..မရှိတော့ပါဘူး.. အိမ်ကိုပဲ ပြန်တာပေါ့……”
နွယ်နီလှိုင် စဉ်းစဉ်းစားစားနှင့် တွေးတွေးဆဆလေး ပြောသည်..။ ပြီးတော့ ချက်ချင်းပင် ကိုကျော်စိန် ရှိရာဖက်သို့ လှည့်လိုက်ပြန်သည်..။
“ အော်….မေ့လို့….ဟို ….ဒယ်ဒီ မှာခဲ့တဲ့ ကိစ္စ လုပ်ရဦးမယ်….ဦးလေး….၊ ပန်းရံသမားတွေ ဆင်းခိုင်းဖို့လေ……”
“ အင်း….ခုပဲ အဲဒီဖက်ကို တစ်ခါတည်း လှည့်ဝင်လိုက်မယ်… အစ်ကိုကြီးက ဒီတစ်ခေါက် ကြာမယ်နဲ့ တူတယ်…..”
“ ဟုတ်တယ်….ဦးလေး….ဒက်ဒီနဲ့ မာမီက မာမီ့တူမ မင်္ဂလာဆောင်ပြီးမှ မန္တလေးက ပြန်မှာဆိုတော့ တစ်လနီးပါးလောက် ကြာလိမ့်မယ်နဲ့ တူတယ်…”
“ နွယ်နီ့ အန်တီလေးက အိမ်မှာ လာနေပေးမှာပေါ့…..”
“ ဟုတ်တယ်…ဦးလေး…သူလာပြီး မနေလဲ နွယ်နီ့ သူငယ်ချင်းတွေ ရှိတယ်…အိမ်မှာ ခေါ်ထားလိုက်ရုံပဲ… အန်တီလေးက ဒက်ဒီ့ညီမဆိုပေမယ့် ဖအေတူ မအေကွဲ ညီမလေ…ဆိုးလို့ အိမ်က ပစ်ထားတာ… ပြန်ခေါ်တာတောင် တစ်နှစ် မပြည့်သေးဘူး ”
“ အရင်တစ်ခေါက် အစ်ကိုကြီးတို့သွားတုန်း မာလာခိုင် ဒီမှာ လာနေတော့ အေးအေးဆေးဆေးပါပဲ…”
“ ဒီမှာကတော့ ခဏပဲ လာနေတာလေ…ပြီးတော့ ဒက်ဒီ့အိမ်လဲဖြစ် နွယ်နီ ကလဲ ရှိတော့ သူငြိမ်နေတာပေါ့…. ၊ ဒါပေမယ့် အန်တီလေးက နွယ်နီ့အပေါ်တော့ ကောင်းပါတယ်…”
“အရင်တစ်ခါကလို ညနေကျရင် မာလာခိုင်ကို ဦးလေး သွားခေါ်ပေးရဦးမလား….”
“ အန်တီလေးက ဖုန်းဆက်ထားတယ်….ညနေကျရင် သူ့ဖာသာပဲ လာခဲ့မယ်တဲ့..ဦးလေး…သွားခေါ်ဖို့ မလိုတော့ဘူး…..”
“ အင်း……အင်း……”
ကိုကျော်စိန် နှင့် နွယ်နီလှိုင် တို့ နှစ်ယောက်သား စကားစပြတ်သွားကြသည်..။ စကားပြောရင်း မာလာခိုင်၏ အကြောင်း ပါလာတော့ ကိုကျော်စိန်တစ်ယောက် ရင်ထဲ နွေးသွားမိသည်..။ အသက် (၃၀) လောက်ပင် ရှိသေးသော မာလာခိုင် ၏ အလှက အသက် ( ၄၀ ) ကျော် လူပျိုကြီး ကိုကျော်စိန်၏ ရင်ကို စွဲငြိစေခဲ့တာတော့ အမှန်ပင် ဖြစ်သည်..။
ဒါပေမယ့် မာလာခိုင်က သူ့အလုပ်ရှင် အစ်ကိုကြီး ဦးထွန်းခိုင်၏ ညီမဖြစ်တာက တစ်ကြောင်း ၊ နောက်ပြီး မာလာခိုင်က ခေသူမဟုတ်..။ ဒီအသက်အရွယ်နှင့် ယောက်ျားနှစ်ယောက် ရခဲ့ဖူးပြီးပြီ..။ မာလာခိုင်၏ ပထမ ယောက်ျားက သူမတို့အိမ်မှ ဒရိုင်ဘာဖြစ်ပြီး ဒုတိယ ယောက်ျားက ထိုဒရိုင်ဘာ၏ ညီအရင်း ဖြစ်လေသည်..။ ဒါတွေကြောင့်လည်း သူမကို မိသားစုတစ်ခုလုံးက ဖယ်ကျင်ထားခဲ့ခြင်း ဖြစ်သည်..။
ဒီလို အကြောင်းများကြောင့် မာလာခိုင်အား ကိုကျော်စိန် လက်ရှောင်ခဲ့ခြင်း ဖြစ်သည်..။ နို့မို့ဆိုရင်တော့ ကျော်စိန်ဆိုတာကလည်း ခေသူမှ မဟုတ်တာ..။ လူပျိုကြီးတွေ လူပျိုကြီး ဖြစ်ရခြင်း အကြောင်းက နှစ်ရပ်ရှိသည်..။ နုံလွန်းလျင်လည်း လူပျိုကြီး ဖြစ်တတ်သည်..။ လည်လွန်းလျင်လည်း လူပျိုကြီ ဖြစ်တတ်သည်.။ ကိုကျော်စိန်က ဒုတိယအမျိုးအစားထဲက ..၊ လည်လွန်း၍ လူပျိုကြီး ဖြစ်ရသူတစ်ယောက်ပင်…။
မောင်းလာသော ကားလေး လမ်းမကြီးပေါ်တွင် တရိပ်ရိပ်ပြေးလွှားမောင်းနှင်၍ လာရင်း တစ်နေရာအရောက် ဆောက်လက်စ တိုက်ကြီးတစ်လုံး၏ ရှေ့တွင် ထိုးရပ်လိုက်သည်..။ ပြီး…ကားဟွန်းသံ နှစ်ခါလောက် ပေးလိုက်သည်..။ ထိုအခိုက် ဆောက်လက်စ တိုက်ကြီးဆီမှ လူတစ်ယောက် သူတို့ကားလေးရှိရာသို့ ဦးတည်၍ ပြေးထွက်လာသည်..။
အသားညိုညို ထောင်ထောင်မောင်းမောင်း ကိုယ်လုံးက တုတ်တုတ်ခိုင်ခိုင်ဖြင့် အသက် ၃၀ ကျော်လောက်ရှိပြီဟု ခန့်မှန်းရသည့် ထိုသူက သူတို့၏ ရပ်ထားသော ကာလေးဘေးသို့ အရောက် ရပ်လိုက်သည်..။ ကားတံခါး မှန်အား ကိုကျော်စိန်က ချလိုက်သည်..။ ထိုနည်းတူ နွယ်နီလှိုင်ကလည်း သူမဖက်ရှိ ကားတံခါးမှန်ကို ချလိုက်ပြီး လက်ထဲမှ ပီကေဗူး အခွံလေးကို အပြင်သို့ လွှင့်ပစ်လိုက်သည်..။
“ ကိုခင်အေး …. ခင်ဗျားတို့ အလုပ် လာဆင်းလို့ရပြီ…. ပစ္စည်းတွေ အစုံရောက်နေပြီ…၊ ဘိလပ်မြေက မနက်ရောက်မယ်…၊ အစ်ကိုကြီးက ကားဂိုဒေါင်ကို တစ်လအတွင်း အပြီးလုပ်ပေးဖို့ မှာသွားတယ်…”
“ဒီမှာကလည်း အလုပ်က မပြတ်သေးဘူး….”
“ အစ်ကိုကြီးကတော့ မနက်ဖြန် စပြီးလုပ်ဖို့ မှာသွားတာပဲ…ဘယ့်နှယ့်လဲ…ဆင်းနိုင်ပါ့မလား……”
“မနက်ဖြန်တော့ ဆင်းနိုင်ဦးမှာ မဟုတ်သေးဘူး…နဲ့တူတယ်….”
“ မဖြစ်ဘူး…အစ်ကိုကြီးက ခင်ဗျားတို့ မလုပ်နိုင်ရင် တခြားလူကို ခေါ်ခိုင်းဖို့ မှာထားတယ်…”
“ ထွီ……..” တိုးလည်း မတိုး ကျယ်လည်း မကျယ် ၊ သာမန်မျှသော အသံဖြင့် နွယ်နီ တံတွေးတစ်ချက် ထွေးလိုက်သည်..။ ပြီး…သူမစိတ်ထဲမှလည်း… “ ဟင်း…သူကများ..” ဟူသော အတွေးဖြင့် မျက်နှာလေး မာတင်းခက်ထန်သွားရသည်..။
“ ကောင်းပြီလေ….မနက်ဖြန်တော့ မလုပ်နဲ့…သန်ဘက်ခါ လာပြီး ဆင်းပေးပါ့မယ်….”
“ လာဖြစ်အောင်တော့ လာခဲ့ ကိုခင်အေး … ကဲ..ဒါဆို ကျုပ်တို့လဲ သွားမယ်
အင်း…..”
စကားလည်း ဆုံးရော မောင်းထွက်သွားသည့် ကားလေးကို ကြည့်ရင်း ပန်းရံဆရာ ကိုခင်အေး ပြုံးလိုက်မိသည်..။ ကားပေါ်မှ ကောင်မလေး အတော်လှ၍ သူစကားပြောရင်း ငေးကြည့်လိုက်မိသည်..။ ဒါကို ကောင်မလေးက မတူမတန်သလိုပုံနဲ့ ထွီ ခနဲ တံတွေးတစ်ချက် ထွေးလိုက်တာကို တွေ့လိုက်ရသည်..။ ဒီလိုပါပဲ..ဒါမျိုးလေးတွေက ဟင်း…မတွေ့သေးလို့ပါ…၊ နဖူးတွေ့ဒူးတွေ့ ထိပ်တိုက်တွေ့ပြီ ဆိုတော့ ဒီကဖြင့် ဘာမှ မဖြစ်သေး..၊ သူတို့က တဖျန်းဖျန်း ပြီးနေတတ်တာလေးတွေ…ဟုတွေးရင်း ခင်အေးသည် ရပ်နေရာမှ လှည့်ထွက်ခဲ့လေတော့သည်..။
————————————–
မနက် မိုးလင်းသည်နှင့် ကိုကျော်စိန်က ရောက်နှင့်နေပြီး နွယ်နီ နှင့် မာလာခိုင်တို့ တူဝရီးကို ဈေးသို့ ပို့ပေးရသည်..။ ဈေးတွင် စားသောက်ဝယ်ခြမ်းပြီး ဒုတိယနှစ်ကျောင်းသူ နွယ်နီအား ကျူရှင်သို့ ဝင်ပို့ခဲ့ပြီး မာလာခိုင်ကို အိမ်သို့ပြန်ပို့ပေးရသည်..။ ကားပေါ်မှ နွယ်နီ ဆင်းသွားသည်နှင့် မာလာခိုင် တစ်ယောက် ရှေ့ခန်းသို့ ပြောင်း၍ ထိုင်သည်..။
မွှေးကြိုင်သော ရနံ့လေးများက ကိုကျော်စိန်အား တိုက်ရိုက်ထိတွေ့လာသည်..။ မာလာခိုင်၏ တောင့်တင်းတုတ်ခိုင်သော ပေါင်တန်ကြီးများက လုံးတစ်နေပြီး ၊ အင်္ကျီထဲမှ တိုးထွက်တော့မယောင် နို့အုံကြီးများက ကိုကျော်စိန်၏ မျက်စိရှေ့ဝယ် အလှပြနေသလို ဖြစ်နေသည်..။ စကားမရှိ စကားရှာ၍ ပြောရင်း တစ်ချက်တစ်ချက် စိုက်စိုက်ကြည့်လိုက်သော မာလာခိုင်၏ မျက်လုံးရွဲကြီးများက ကိုကျော်စိန်တစ်ယောက် ဘရိတ်ကို နင်းလိုက်မိသည်အထိ စိတ်တွေ ဂယောက်ဂယက်ဖြစ်စေသည်..။
ကိုကျော်စိန် သက်ပြင်းတွေ အခါခါ ချရင်း ကားကိုသာ ဂရုစိုက်၍ မောင်းနှင်လာခဲ့ရသည်..။ အိမ်ပြန်အရောက် ကားကို ခြံဝင်းထဲ ကွေ့ဝင်လိုက်တော့ ပန်းရံများ ရောက်နေသည်ကို တွေ့လိုက်ရသည်..။ ကားဝင်လာတာ မြင်ရသည်နှင့် ကိုခင်အေးက ပေါ်တီကို အောက်သို့ ခပ်သုတ်သုတ် ထလာသည်..။ ကားရပ်လိုက်သည်နှင့် မာလာခိုင်က ဈေးခြင်းတောင်း ဆွဲ၍ ကားပေါ်မှ ဆင်းကာ အိမ်သော့ကို ဖွင့် ဝင်သွားသည်..။
ကားဘေးတွင် ရပ်နေသော ကိုခင်အေး၏ မျက်လုံးများက မာလာခိုင်၏ နောက်သို့ ပါ၍ သွားသည်..။ ကားပေါ်မှ ဆင်းလာသော ကိုကျော်စိန်ကိုပင် ဂရုမစိုက်နိုင်ပေ..။ ကိုကျော်စိန်၏ စိတ်ထဲ ခပ်တင်းတင်း ဖြစ်၍ သွားရသည်..။
“ ကိုကျော်စိန်…ဒီနေ့ ကျနော်တို့ စဆင်းမယ်..”
“အင်း”
မြင်ကွင်းမှ မာလာခိုင် ပျောက်ကွယ်သွားမှ ကိုခင်အေးက ကိုကျော်စိန်ဖက်ကို လှည့်၍ ပြောသည်..။ ကိုကျော်စိန်က စိတ်မပါသလို အင်း လိုက်ရင်း ခပ်လှမ်းလှမ်းတွင် ထိုင်နေသော ပန်းရံများကို ကြည့်လိုက်သည်..။
“ ဟင်….မင်းနဲ့မှ သုံးယောက်ထဲလား…..”
“ ဒီနေ့တော့ ကျနော်နဲ့ ဟိုစွပ်ကျယ်ဝတ်ထားတဲ့ ကောင်လေး နှစ်ယောက်ထဲ ဆင်းမှာ..၊ ရှပ်အင်္ကျီ နဲ့ ကောင်က ဟိုဖက်ဆိုက်ထဲ လွှတ်လိုက်ရမှာ..၊ သုံးလေးရက်လောက် နေမှ ဒီမှာ အကုန်လာဆင်းမယ်..၊ ကျနော့်လူအားကတော့ ခင်ဗျားသိတဲ့ အတိုင်းပဲ…”
“ အေးလေ…. ဒီနေ့စဆင်းရင် ပြီးတာပဲ…ဘယ်လိုလုပ်မယ်ဆိုတာ အစ်ကိုကြီးက မင်းကို ပြောထားပြီးပြီ မဟုတ်လား….”
“ ပြောထားပြီးပါ ပြီ…”
“ ကဲ….ဒါဆိုလဲ…စလုပ်တော့….”
စကားစကိုဖြတ်၍ ကိုကျော်စိန် တိုက်ထဲ ဝင်လာခဲ့ပြီး ဧည့်ခန်းထဲမှာ ထိုင်၍ ဂျာနယ်တစ်စောင်ကို ယူကာ ဖတ်နေသည်..။ ကိုကျော်စိန်၏ စိတ်က ဂျာနယ်ထဲသို့ ရောက်၍ မသွား ၊ မာလာခိုင် ထံသို့သာ ရောက်နေသည်..။ ဂျာနယ်ကို ကြာကြာမဖတ်နိုင်..။ မာလာခိုင်ကို တွေ့မြင်ချင်စိတ်က ပြင်းပြလာ၍ သက်ပြင်းတစ်ချက်ကို လေးပင်စွာ ချ၍ ကိုကျော်စိန် ထရပ်လိုက်သည်..။
“ အိုး….ကိုကျော်စိန်ကြီးကလဲ…အသံမပေး ဘာမပေးနဲ့…၊ ဒီမှာ အဝတ်လဲနေတာ…..”
ထမီကို ရင်လျားရန် လက်နှင့် စုကိုင်ရင်း ပြောလိုက်သော မာလာခိုင်၏ ဖွေးဖွေးနုနု နို့အုံနှစ်လုံးက နို့သီးထိပ်လေးမှ လွဲ၍ အတိုင်းသား မြင်နေရသည်..။ မာလာခိုင်က အဝတ်လဲတာ အိပ်ခန်းထဲတွင် မဟုတ်ပဲ မီးဖိုထဲတွင် ဖြစ်နေသည်ကို ကိုကျော်စိန် မစဉ်းစားတတ်…။ လက်တစ်ကမ်း အကွာတွင် မြင်တွေ့နေရသော မာလာခိုင်၏ ရင်သားအိအိများ အလှတွင်သာ စွဲငြိနေသည်..။
Leave a Reply