ဘုန်းကြီးဘဝ နဲ့ ကျုပ် စိတ်တော်တော် ပြန်ငြိမ်သွားတယ်။ ခု ဘုန်းကြီး လူထွက်ပြီး သန်းမြ နဲ့ ပြန်နေတော့ အရင် အတိုင်းပါဘဲ၊ သန်းမြလဲ ကျုပ်နား ကပ်ကို မကပ်တော့၊ ည အိပ်ချိန်တောင် တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ။ ကြည့်ရတာ သန်းမြ ဒီကိစ္စ အရင်လို စိတ်ဝင်စားပုံ မရတော့သလိုဘဲ၊ ကျုပ်ကလဲ နေသားနဲနဲကျနေပြီဆိုတော့ အရင်ကလိုတောင်းမနေတော့၊ ဒီတော့ သန်းမြနဲ့ ကျုပ်လဲ လင်မယား ဆိုပေမဲ့ လင်မယား အရာမမြောက်တောင် အတော်ကြာပေါ့။
ကျုပ် ဘုန်းကြီး လူထွက်ရတာလဲ လယ်လုပ်ငန်း ပြန်စချိန်ရောက်လို့ ဆိုရမယ်။ ဒီတော့ ကျုပ်လဲ လယ်ထဲ နေ့တိုင်းသွား၊ ထုံးစံအတိုင်း လုပ်စရာ ရှိတာ ကြိုလုပ်ပေါ့။ ကောက်စိုက်ချိန်တော့ မကျသေးပါဘူး။ ခုမှ လယ်ကွင်း ရေတင်ခါစ၊ တချို့ကွင်းတွေဆို ရေတောင် မတင်သေးဘူး။ ဒီတော့ ကျုပ်လဲ တစ်နွေလုံးပြစ်ထားတဲ့ ကျုပ်တဲလေး ပြင်သင့်တာပြင် ကန်သင်းရိုးလေး ဖို့တန်ဖို့ ပေါ့၊ လယ်ထဲဘဲ တနေ့နေ့ အချိန်သွားဖြုန်းနေလိုက်တယ်။ အိမ်မှာနေလဲ ဘာထူးမှာမို့လို့လဲ။
ဒီနေ့လဲ လုပ်စရာလေး နဲနဲပါးပါး လုပ်ပြီး လယ်တဲထဲ ဆေးလိပ်တိုလေးနဲ့ မှိန်းနေတုန်း ဗြုံးဆို ခင်လှ ပေါက်ချလာတယ်။ မျက်စိတဆုံး မြင်နေရတဲ့ လယ်ကွင်းပြင်ကို ငေးပြီး ဟိုတွေးဒီတွေး တွေးနေတာမို့ ဒီကောင်မ ဘယ်ကနေ ဘယ်လို ရောက်လာမှန်းတောင် မသိလိုက်ဘူး။ ဦးမောင်လှကြီး ဆိုပြီး ကျုပ်နာမည်ခေါ်လို့ လယ်တဲထဲ ဝင်လာမှ တွေ့လိုက်တာ။
ခင်လှ ဆိုတာ ကျုပ်တို့ ရွာထဲက ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်နေတာ။ ပြောရရင် ကျုပ်နဲ့ ဖြစ်ဖူးတဲ့ မတူး တို့နဲ့ အရွယ်တူပေါ့။ သူ့လင်က မနှစ်က ကျုပ်လို ပိုးထိတာ။ ကျုပ်က ကံကောင်းလို့ မသေပေမဲ့ သူ့လင် ကိုထွန်းသောင် ကတော့ ကုလို့ မမှီလို့ အသက်ပါ ပါသွားတာ။ အိမ်ထောင်ကျတာဖြစ် တစ်နှစ်ကျော် နှစ် နှစ် အများဆုံး ရှိအုံးမယ် ထင်တယ်။ ခုတော့ မုဆိုးမ ဖြစ်ပြီး သူ့တယောက်ထဲ ဖြစ်သလို ရုန်းကန်နေလေရဲ့။
“ဟဲ့ ဘာတုန်းဟ”
သူခေါ်တော့ ကျုပ်ကလဲ ပြန်ထူးပြီး ဝင်လာတဲ့ ခင်လှ ကိုကြည့်မိတယ်။ ဒီကောင်မ မတွေ့တာတောင် အတော်ကြာပြီ၊ ပြည့်ပြည့်ဖြိုးဖြိုး နဲ့ ကြည့်လို့ကောင်းသား၊ ရွာသူဆိုတော့ ထမီက တိုတို၊ ပုဝါစုတ်လေး ခေါင်းပေါင်းလို့၊ ဝလာလို့ ထင်ပါရဲ့ ရင်ဖုံးအကျီက ခပ်ကြပ်ကြပ် ဖြစ်နေတော့ သူ့ရင်ကို မနဲတင်းအောင် ဆွဲထားသလိုဖြစ်ပြီး တင်းတင်းကြပ်ကြပ်လေးနဲ့ဖေါင်းနေတာ ကြည့်လို့တောင် ကောင်းသေး။
“ဘာမှ မဟုတ်ပါဘူး ဦးမောင်လှကြီးရေ၊ အားနေတာနဲ့ လျှောက်လာတာ၊ ပြီးတော့ ဦးမောင်လှကြီးကိုလဲ မေးစရာ ရှိလို့”
“ဘာမျာလဲဟ”
“တခြားမဟုတ်ပါဘူး၊ ဒီနှစ် ဦးမောင်လှကြီး လယ်မှာ ကောက်စိုက်ဘို့ လူပြည့်သွားပြီလားလို့”
“ဘာလဲ နင် ငါ့လယ်မှာ လာစိုက်မလို့လား”
“အင်း၊ အဲဒါလဲ လာမေးတာ”
“ဒါဆိုရပါတယ်၊ အချင်းချင်းတွေဘဲ၊ လာစိုက်”
“ဒါဆိုလဲ ကျေးဇူးပါဘဲတော်”
ပြောရင်း ဆိုရင်း ခင်လှက ကျုပ်ဘေး ဝင်ထိုင်တယ်။ ပြီးတော့ ခေါင်းမှာ ပေါင်းထားတဲ့ ပုဝါကို ဖြုတ်ပြီး မျက်နှာကို ဟိုတို့ ဒီတို့ လုပ်ရင်း
“မိုးဦးကျသာ ဆိုတယ် ခုထိ ပူတုန်း”
“အေးဟ ပူလွန်းလို့ ငါတောင် အဝတ်မကပ်နိုင်ဘူး၊ ဒီလို အပူမျိုးနဲ့ ဒီနှစ် ရေတောင် တင်ပါ့မလားဘဲ၊ မိုးကလဲ နည်းလိုက်တာ”
ကျုပ်ကလဲ ထုံးစံအတိုင်း တယောက်ထဲလဲ ဖြစ်ပြန်ဆိုတော့ အပေါ်ပိုင်းက တုံးလုံး၊ လုံချည်တိုကိုတော့ ပေါင်ကြားစုထည့်လို့ တင်ပလင်ခွေ ဒူးပေါ်ပေါင်ပေါ် ထိုင်နေတာ။
“ဟုတ်တယ်နော် ဦးမောင်လှကြီး၊ ခါတိုင်း ဒီအချိန်ဆို မိုးကကောင်းကောင်းရွာနေပြီ၊ ဒီနှစ်မှ မိုးကလဲ နောက်ကျလိုက်တာ”
ပြောရင်း ခါးလောက်ဘဲ အဝတ်ရှိတဲ့ ကျုပ်ခန္တာကို မျက်လုံးဝေ့ကြည့်တာ သတိထားမိတယ်။ ဒီကောင်မ ဒီကိစ္စ တခုထဲနဲ့တော့ ငါ့ဆီရောက်တာ မဖြစ်နိုင်ဘူး၊ ဒီကိစ္စက ရွာထဲတွေ့ လှမ်းမေးလိုက်လဲ ရတဲ့ဟာကို ဘာကြောင့် ခြေရှည်ပြီး ငါ့လယ်ထဲထိ ရောက်လာလဲ မသိဘူး၊ တွေးမိပြီး စကားလမ်းကြောင်းပြောင်းလိုက်တယ်။
“တွေ့တုန်း စပ်စုအုံးမယ်၊ နင်ကိုကြည့်ရတာ ချောလို့လှလို့ အရွယ်ကလဲ ငယ်၊ ရုပ်ရည်လေးကလဲရှိ၊ တယောက်ထဲ ရုန်းကန်နေရတာ၊ မပင်ပန်းဘူးလား၊ တပင်လဲ တပင်ထူ ဘို့ မစဉ်းစားတော့ဘူးလား”
“အမလေး ပြောမှ ပြောတတ်တယ် ဦးမောင်လှကြီးရယ်၊ ကျမလို မုဆိုးမ ဘယ်သူ ယူမတုန်း”
“ဟ မုဆိုးမ ဆိုပေမဲ့ နင်က လှတုန်း ပတုန်း ဆိုတော့ ကြိုက်တဲ့သူပေါ်ပြီး ယူမဲ့သူ ရှိမှာပေါ့ဟ”
“မရှိပါဘူးတော်၊ မုဆိုးမ ဆိုမှ ဘယ်သူက ယူမလဲတော့၊ ပြီးတော့ ခင်လှက ဘာလှလို့လဲ၊ ရွာထဲက အပျိုတွေက ခင်လှထက် အများကြီး သာပါ့တော်၊ ယူချင်းယူ သူတို့ သွားယူမှာပေါ့”
“အေးလေ ဒါလဲဟုတ်တာဘဲ၊ မုဆိုးမ ဆိုတော့လဲ ခက်သား၊ နင်ကလဲ ကံဆိုးပါတယ်၊ နင့်ယောက်ကျားက ပိုးထိတာ အသိနောက်ကျလို့ ဖြစ်သွားတာ၊ ငါ့လိုသာ အသိစောရင် ကုရင် မှီတယ်”
“ကုသိုလ်ကံပေါ့ ဦးမောင်လှရယ်၊ ဘယ်တတ်နိုင်မလဲ”
ကျုပ် အဖြစ်နဲ့ ယှဉ်ပြောရင်းနဲ့ ကျုပ် မအေး ကို ရုတ်တရက် သတိရသွားတယ်။ ခင်လှ သူလဲ မအေးလို ဖြစ်နေလို့ များလား၊ ဒါကြောင့် သူ မုဆိုးမ ဖြစ်တာထင်တယ်။ စဉ်းစားမိတာနဲ့ လွှတ်ကနဲ ပါးစပ်က ထွက်သွားတယ်။ ကျုပ်ဝသီ ကိုက ဒီလိုဘဲ၊
“ငါ အခုမှ စဉ်းစားမိတယ်၊ နင် မုဆိုးမ ဖြစ်တဲ့ အကြောင်း . . .”
ပြောရင်းတမ်းလမ်း ကျုပ် တိကရဲ ရပ်သွားတယ်။ ဟိုက် သူက မိန်းခလေး ပြောလို့ မသင့်တော်ဘူးထင်တယ်လို့ စဉ်းစားမိပြီး စကားကို လျှောချလိုက်တယ်။
“အာ . . နင့်ကို ပြောလို့ မဖြစ်ပါဘူး၊ နင်လဲ သိချင်သိမှာပေါ့”
“ဘာများလဲ ဦးမောင်လှကြီးရဲ့၊ ကျမကဘာသိရမှာလဲ”
“အေး အေး မသိလဲ ပြီးရော၊ ဘာမှ မဟုတ်ပါဘူး”
ကျုပ်ဖာသာကျုပ် အတွေးပေါက်ပြီး ပြုံးစိစိ နဲ့ သူ့ကိုပြောတော့ သူူက ပိုသိချင်တယ်နဲ့ တူတယ်။ အတင်း မရမက မေးတော့တာဘဲ။
“ဘာလဲ ဦးမောင်လှကြီး၊ ပြော ပြော”
“အာ နင်ကလဲ ပြောလို့ မကောင်းပါဘူးဆိုမှ အတင်းမေးတော့တာဘဲ”
“ဘာလို့ပြောလို့ မကောင်းရမှာလဲ၊ ဘာအကြောင်းမို့လဲ ပြော ပြော”
“ဟ နင်သိပြီးသားလဲ ဖြစ်ချင်ဖြစ်မှာပေါ့”
ဒီလိုနဲ့ သူကလဲ အတင်းမေး၊ ကျုပ်ကလဲ ဒါဘဲ အပ်ကြောင်းထပ်ပြောရင်း ဂျာအေး သူ့ အမေရိုက်တဲ့ ဇတ်ခင်းနေတာ အတော်ကြာတယ်။ နောက်ဆုံးတော့
“ကဲ နင်ဒီလောက် သိချင်နေတာ ရှေ့မျက်နှာ နောက်ထားပြီး ပြောရတာပေါ့။ နောက်မှ ငါ့ကို အဆိုးမဆိုနဲ့”
“မဆိုပါဘူး၊ တခါထဲ ပြောဆိုမပြောဘူး ဈေးက ကိုင်နေသေးတယ်”
“အော် နင်ကလဲ ပြောသင့်လား မသင့်လားလဲ ရှိသေးတယ်လေဟာ”
“အမလေး ဒီလူနဲ့ ဒီလူ၊ ပြောပါဆိုမှ ရှည်နေသေးတယ် တခါတည်း”
“ကဲ ဒီလောက် သိချင်တာ ပြောမယ်”
ဆိုပြီး အော်ပြောရင်တောင် ဘယ်သူမှ မကြားတဲ့ နေရာမှာ သူ့ အနားနဲနဲတိုးလို့ လေသံကို နဲနဲနှိပ်ပြီး
“နင် မုဆိုးမ ဖြစ်တာ နင့် ဟိုဟာ မှာ မှဲ့ပါလို့မဟုတ်လား”
“ဘယ်လို ဘယ်လို ဦးမောင်လှကြီး ဘယ်ဟိုဟာလဲ”
“အာ နင်ကလဲ၊ နင့် ဟိုဟာ ပါဆို။ နင့် မိန်းမ ဟဝှာလေဟာ၊ ဟုတ်တယ်မဟုတ်လား၊ ကဲ ပြော”
ကျုပ်အပြောကို ခင်လှ ဘာသဘောကျတယ်မသိ၊ တခစ်ခစ်ရယ်ရင်း ပြန်ပြောတယ်။
“ခစ် ခစ် ခစ် ခစ်၊ ဦးမောင်လှကြီးကလဲ၊ ကြံကြံဖန်ဖန် လာပြောပြန်ပြီ”
“ဟဲ့ ကြံကြံဖန်ဖန် ပြောတာမဟုတ်ဘူးဟ၊ ငါ့ကို မှဲ့ကျမ်းကြေတဲ့ ပုဂ္ဂိုလ်ကြီးက သေချာပြောပြသွားတာ၊ အဲ့နေရာ မှဲ့ပါတဲ့ မိန်းမတွေက ယောက်ကျားယူရင် မုဆိုးမ ဖြစ်တတ်တယ်တဲ့၊ နင့်မှာ ပါတယ်မို့လား၊ ငါ့ကို မရှက်နဲ့ မှန်မှန်ပြော”
“ဘယ်ကလာ ဦးမောင်လှကြီးများ ဘာရှက်ရမှာလဲ၊ အဲဒီနေရာမှာတော့ မပါ ပါဘူးတော်၊ ကျုပ်တကိုယ်လုံးမှာ မှဲ့က ရင်သားမှာသာရှိတာ၊ ရှိတာမှ သေးသေးလေးတောင် မဟုတ်ဘူး ထင်းနေတာ၊ ဟောဒီနေရာမှာ”
ခင်လှက သူ့မှဲ့ရှိတဲ့ ညာဘက်ရင်သားနေရာကို အင်္ကျီပေါ်က လက်ညိုးနဲ့ ထောက်ပြရင်း ပွင့်ပွင့်လင်းလင်းဘဲပြောတယ်။ ရှက်ကိုးရှက်ကန်းမရှိ။ မုဆိုးမ မို့လားတော့ မသိ၊ ကျုပ်ကလဲ အဲ့လို ပွင့်လင်းမှ သဘောကျတာနဲ့တော့ အံကိုက်။
“ဒါဆို နင်မုဆိုးမ ဖြစ်တာ အဲဒါနဲ့ မဆိုင်ဘူး ထင်တယ်၊ ကံတရားကြောင့်ဘဲလို့ ပြောရတော့မယ်ထင်တယ်၊ နင့်ယောက်ျား ထွန်းသောင် ဆုံးတော့ နင်တို့ ညားတာ တစ်နှစ်ကျော်ကျော်ဘဲ ရှိအုံးမယ် ထင်တယ်”
“အင်း တနှစ်နဲ့သုံးလ ဘဲရှိသေးတာ၊ ခင်လှ ကံကို ဆိုးပါတယ်”
“အေးပေါ့ဟာ။ သတ္တဝါ တခု ကံတစ်ခုပေါ့၊ ဘယ်တတ်နိုင်မလဲ၊ ဒါနဲ့ တခါတလေ နင့်ယောကျ်ားကို သတိမရဘူးလား”
“ရတာပေါ့ ဦးမောင်လှကြီးကလဲ၊ မေးမှ မေးတတ်တယ်”
“ဟဲ့ ငါပြောတာ ဟို ရိုးရိုးသားသား သတိရတာ မေးတာ မဟုတ်ဘူးဟ”
ကျုပ်က ရယ်ကျဲကျဲ နဲ့ သွေးတိုးစမ်းလိုက်တယ်။ ခင်လှက ကျုပ်ခပ်ပြုံးပြုံးနဲ့ လှမ်းမေးတာကို သဘောပေါက်ပုံနဲ့ ကျုပ်ပေါင်ကို လှမ်းရိုက်ရင်း
“ဦးမောင်လှကြီး”
လို့ သဘောပေါက်ပုံနဲ့ ကျုပ်ကို ခပ်ဆတ်ဆတ် လေသံနဲ့ ကျုပ်ကိုလှမ်းအော်တယ်။ အော်တယ်သာပြောသာ လေသံက မကြိုက်တဲ့ အသံမဟုတ်မှန်း ကျုပ်ချက်ခြင်း သိလိုက်တာကြောင့် အလျှော့မပေးဘဲ
“ဘာလဲဟ၊ ငါက သိချင်လို့”
“ဘာလို့ သိချင်ရတာလဲ”
“အော် ငါတို့ အဖြစ်နဲ တိုက်ဆိုက်သလားလို့”
“ဘာအဖြစ်လဲ”
“နင်သိတဲ့ အတိုင်း သန်းမြလဲ ယောကျ်ားနဲ့ ကွဲပြီး ပြန်ရောက်လာတာ မို့လား၊ အဲဒီမှာ သူလဲ ခန ခန သတိရပြီး ငါနဲ့ ညားတာလေ၊ ဟား ဟား ဟား ဟား”
“ဦးမောင်လှကြီးကတော့ ပြောပြီ၊ သန်းမြတော့ ဟုတ်တာပေါ့၊ ကျုပ်မှာတော့ သတိရလဲ ညားမဲ့သူ မရှိပါဘူးတော်”
“ပြောပါ နင်တကယ်သတိရလား”
Leave a Reply